Listen FMs on OS X
မြန်မာပြည်ရဲ့ အဝေးတစ်နေရာမှာ ရောက်နေချိန် မြန်မာသီချင်းလေးတွေကို နားထောင်ချင်နေမိတာ အမှန်ပါပဲ၊ သီချင်းအလ်ဘမ်ဖွင့်ထားတာမျိုးမဟုတ်ပဲ သီချင်းအမျိုးအစားပေါင်းစုံကို ရေဒီယိုကလွှင့်နေတာမျိုးပေါ့၊ သီချင်းတွေအပြင် အခြားအစီစဉ်ကောင်းလေးတွေကိုပါ အလုပ်လုပ်ရင်း နားဆင်နေရတော့ စိတ်ထဲမှာ အမိမြေပြန်ရောက်နေသလို နွေးထွေးလှပါတယ်။
Internet connection ရှိတာနဲ့ ကမ္ဘာမြေရဲ့ ဘယ်နေရာကနေမဆို Mac OS X ပေါ်မှာ နားဆင်းနိုင်မယ့် FM Radio တစ်ခုပါ။ သူအထဲမှာတင် နိုင်ငံတစ်ကာက FM Radio station ပေါင်း ရာနဲ့ချီပြီး ပါဝင်ပြီးသားဖြစ်ပါတယ်။ မြန်မာပြည်က FM Radio လိုင်းတွေ အတွက်ဆိုရင် “New Station” အဖြစ် အသစ်ထပ်ထည့်ပေးဖို့ လိုအပ်ပါတယ်။
Application ကို အစမ်းသုံးကြည့်နိုင်ရန် အတွက်သာ ရည်ရွယ်ပါတယ်၊ ကြိုက်နှစ်သက်ပါက Mac App Store မှာ ဝယ်ယူသုံးစွဲကြဖို့ တိုက်တွန်းပါရစေ..။
₪ Radio App (Alternative link)
Radio Station အသစ်တစ်ခုထည့်ရန် Preferences ထဲမှ Add New Station နှင့် ထည့်သွင်းပါ။
Stream/Playlist URL: တွင် ထည့်သွင်းရမည့် Radio station များ၏ လိပ်စာများမှာ −
ပတ္တမြား FM (Padamyar FM)
http://174.37.16.73:4120/
ချယ်ရီ FM (Cherry FM)
http://206.190.136.212:5511/
မန္တလေး FM (Mandalay FM)
http://206.190.133.196:7018/
ရွှေရေဒီယို (Shwe Radio)
http://184.172.56.62:8017/
မှတ်ချက်။ ။ မန္တလေးFM ၏ streaming server မှာ down နေပုံရပြီး လတ်တလောတွင် အလုပ်မလုပ်ပါ။
မြန်မာFM များကို ပျော်ရွှင်စွာ ခံစားနားဆင်နိုင်ကြပါစေ…။
အခမဲ့ ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့မရနိုင်တဲ့ တန်ဘိုး တစ်ခု အမြဲရှိပါတယ်