Myanmar Holiday Calendar
Mac OS X နဲ့ iDevices (iPhone, iPad, iPad Pro, iPodTouch) တို့ရဲ့ ပြက္ခဒိန်မှာ မြန်မာနိုင်ငံရဲ့ နေ့ထူးနေ့မြတ်များ၊ ရုံးပိတ်ရက်များကို တစ်နှစ်လုံးစာ အတွက် ထည့်သွင်းနိုင်ပြီး၊ အဆိုပါ နေ့ထူးနေ့မြတ်များရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကိုလည်း မြန်မာဘာသာ(ယူနီကုဒ်စနစ်)ဖြင့် မြင်တွေ့ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ မြန်မာအားလပ်ရက် ပြက္ခဒိန်ကို “ကိုဆန်းထွန်း” (ပြည်ထောင်စုဖောင့် ဖန်တီးသူ) မှ မြန်မာဘာသာ ရှင်းလင်းချက်နှင့်အတူ ပြန်လည် ပြုပြင်ဖန်တီးပေးထားခြင်း ဖြစ်ပါတယ်။
Mac OS X မှာ သွင်းယူပြီးနောက် iCloud ချိပ်ဆက်မှုဖြင့် မိမိရဲ့ အခြား iDevices များမှာပါ အလိုလျှောက် သွင်းယူပြီးသား ဖြစ်သွားပါလိမ့်မည်။
Mac မရှိသူများအတွက် iDevices များမှ သီးခြား သွင်းယူနည်း ကိုလည်း ပူးတွဲဖော်ပြပေးလိုက်ပါတယ်။
Mac OS X
- Calendar App ကို Launchpad (သို့) Spotlight search မှနေ ရှာဖွေပြီး ဖွင့်ပါ။
- Calendar App ၏
File->New Calendar Subscriptionကို နှိပ်ပါ။ Calendar URL:တွင် အောက်ဖော်ပြပါ လင့်ခ်ကို Copy ကူးယူထည့်သွင်းပါ။ထို့နောက် Subscribe နှိပ်ပါ။

၂၀၁၆/၂၀၁၇ ပြက္ခဒိန်
https://dl.dropbox.com/s/nahkhis3vzpdh0x/2016_MyanmarHolidayCalendar.ics
၂၀၁၈ ခုနှစ် ပြက္ခဒိန် (ယူနီကုဒ်)
https://goo.gl/LMYNrh
၂၀၁၈/၂၀၁၉ ခုနှစ် ပြက္ခဒိန် (ဇော်ဂျီ)
https://dl.dropbox.com/s/ya17jmlqiq4aimf/2018-2019_MyanmarHolidayCalendar_ZawGyi.ics

Location: တွင် iCloud သာထားပါ (အခြား iDevices များမှ ချိပ်ဆက်နိုင်ရန်)။
OK နှိပ်ပါ။

Calendar တွင် ဖော်ပြပါပုံအတိုင်း မြန်မာအားလပ်ရက်များကို တွေ့မြင်နိုင်ပါပြီ၊ အားလပ်ရက် တစ်ခုခြင်းစီကို Double click နှိပ်၍ အကြောင်းအရာ ဖော်ပြချက်ကို ဖတ်ရှုနိုင်ကြပါပြီ။

iOS မှ ပြက္ခဒိန်ကို ပြန်လည် Update လုပ်ခြင်း ဖော်ပြပါအတိုင်း မိမိ Mac ရဲ့ ပြက္ခဒိန်မှာ မြန်မာအားလပ်ရက်များကို ထည့်သွင်းပြီးပါက မိမိရဲ့ iDevices (iPhone, iPad, iPad Pro, iPodTouch) များမှာလည်း အလားတူ ပြက္ခဒိန် ရရှိရန်… (WiFi connection ရသည့်အခါ)
- iPhone ၏
Settings>iCloud>CalendarsကိုEnable/ONပေးထားပါ။ - Calendars App ကိုဖွင့်ပြီး အောက်ဆုံး အလယ်ရှိ "Calendars” ကို နှိပ်ပါ။
- ထို့နောက် screen ကို အောက်သို့ ဆွဲချပြီး Refrash လုပ်ပေးလိုက်သည့်အခါ ‘ICLOUD’ section အောက်တွင် “
Holidays: Myanmar"ပေါ်လာပါလိမ့်မည်။ - “Done” နှင့် ပြန်ထွက်ပါ။
Settings>Accounts & PasswordAdd Accountကို နှိပ်ပါ။- Other ကို ရွေးပါ။
- ‘CALENDARS’ section ရှိ "
Add Subscribed Calendar" ကို နှိပ်ပါ။ - Server တွင် အောက်ပါ URL ကို ထည့်သွင်းပြီး Next နှိပ်ပါ။


အားလပ်ရက်များကိုနှိပ်ပြီး အသေးစိတ် ဖတ်ရှုနိုင်ပါပြီ။ (ယူနီကုဒ်စနစ်နှင့် ရေးသားထားပါသည်)

iOS
Mac မလိုအပ်ပဲ iPhone, iPads, iPodTouch တို့မှ တိုက်ရိုက် ၂၀၁၆ မြန်မာအားလပ်ရက် ပြက္ခဒိန်ကို ထည့်သွင်းနိုင်ရန်..


၂၀၁၆ ခုနှစ် ပြက္ခဒိန်
https://dl.dropbox.com/s/nahkhis3vzpdh0x/2016_MyanmarHolidayCalendar.ics
၂၀၁၈/၂၀၁၉ ခုနှစ် ပြက္ခဒိန် (ယူနီကုဒ်)
https://goo.gl/LMYNrh
၂၀၁၈/၂၀၁၉ ခုနှစ် ပြက္ခဒိန် (ဇော်ဂျီ)
https://dl.dropbox.com/s/ya17jmlqiq4aimf/2018-2019_MyanmarHolidayCalendar_ZawGyi.ics

Calendar App ကိုဖွင့်ပါက SUBSCRIBE section အောက်တွင် “Holidays: Myanmar (သို့) 2018 Myanmar Holiday” ကို တွေ့ရပါလိမ့်မည်။

ယခုဖော်ပြပါ မြန်မာအားလပ်ရက်များသည် ၂၀၁၇ နှစ်ကုန်ပိုင်းအထိ အကျုံးဝင်နေပါသောကြောင့် အားလပ်ရက်များကို ကြိုတင်ကြည့်ရှုရင်း ၂၀၁၆ မှာ ပျော်ရွှင်ကြပါစေ..
နောင်လာမည့် နှစ်စဉ် အားလပ်ရက်များကိုလည်း Update လုပ်ပေးသွားပါက ယခုဖော်ပြပါနည်းလမ်းဖြင့် ဆက်လက် အသုံးပြုနိုင်ပါသည်။
အခမဲ့ ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့မရနိုင်တဲ့ တန်ဘိုး တစ်ခု အမြဲရှိပါတယ်
