Change Log In Background Image on Mac OS X
Mac ၏ Log In screen တွင် မိမိစိတ်ကြိုက် နောက်ခံပုံများကို ပြောင်းလဲနိုင်ပါတယ်..။
၁)
ပထမဦးစွာ မိမိပြောင်းလဲလိုသော Image, Photo တစ်ခုခုကို Photoshop ကဲ့သို့သော Image editor တစ်ခုခုနှင့် aspect Ratio စကေးကိုက်ညီအောင် အရင်ပြုပြင်ပါ။
အချိုးများမှာ။ ။ 1280 x 800 pixels, 1680 x 1050 pixels, 1920 x 1200 pixels တို့ဖြစ်ပါတယ်။
၂)
ပြုပြင်ပြီး Image file ကို (.png) format နှင့် Desktop (သို့) တစ်နေရာရာတွင် သိမ်းပါ။ File name ကို “com.apple.desktop.admin.png
” ဟု ပြောင်းပါ။
၃)
ထို့နောက် “Finder” ကိုဖွင့်ပြီး “command + shift + G” ကို နှိပ်ပြီး ‘/Library/Caches
’ လမ်းကြောင်းကို ရှာပေးပါ။
၄)
Folder ထဲတွင်တွေ့ရသော “com.apple.desktop.admin.png” ပုံကို “com.apple.desktop.admin_backup.png
” အဖြစ်ပြောင်းလဲပေးပါ။ (နောင်တစ်ချိန် ပြန်သုံးနိုင်ရန် Back Up လုပ်ထားခြင်းဖြစ်သည်)
၅)
Desktop တွင် ပြုပြင်ထားသော “com.apple.desktop.admin.png” Image ကို Folder ထဲသို့ Drag & Drop ချပေးလိုက်ပါ။
၆) Log Out
လုပ်ပြီး နောက်တစ်ကြိမ် Log In ပြန်ဝင်သည့်အခါ မိမိစိတ်ကြိုက် Background နှင့် Log In screen ကို မြင်တွေ့ရပါပြီ..။
အသင့်ပြုလုပ်ပြီးသား “Hope Of Myanmar” ကို အောက်ပါလင်ခ့်တွင် Download လုပ်နိုင်ပါသည်။ (အမည်ပြောင်းပြီးသား)
₪ Download Hope Of Myanmar (1680 x 1050) pixels
အခမဲ့ ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့မရနိုင်တဲ့ တန်ဘိုး တစ်ခု အမြဲရှိပါတယ်