Change Log In Background Image on Mac OS X

December 1 2015

Mac ၏ Log In screen တွင် မိမိစိတ်ကြိုက် နောက်ခံပုံများကို ပြောင်းလဲနိုင်ပါတယ်..။

၁) ပထမဦးစွာ မိမိပြောင်းလဲလိုသော Image, Photo တစ်ခုခုကို Photoshop ကဲ့သို့သော Image editor တစ်ခုခုနှင့် aspect Ratio စကေးကိုက်ညီအောင် အရင်ပြုပြင်ပါ။

အချိုးများမှာ။ ။ 1280 x 800 pixels, 1680 x 1050 pixels, 1920 x 1200 pixels တို့ဖြစ်ပါတယ်။

၂) ပြုပြင်ပြီး Image file ကို (.png) format နှင့် Desktop (သို့) တစ်နေရာရာတွင် သိမ်းပါ။ File name ကို “com.apple.desktop.admin.png” ဟု ပြောင်းပါ။

၃) ထို့နောက် “Finder” ကိုဖွင့်ပြီး “command + shift + G” ကို နှိပ်ပြီး ‘/Library/Caches’ လမ်းကြောင်းကို ရှာပေးပါ။

၄) Folder ထဲတွင်တွေ့ရသော “com.apple.desktop.admin.png” ပုံကို “com.apple.desktop.admin_backup.png” အဖြစ်ပြောင်းလဲပေးပါ။ (နောင်တစ်ချိန် ပြန်သုံးနိုင်ရန် Back Up လုပ်ထားခြင်းဖြစ်သည်)

၅) Desktop တွင် ပြုပြင်ထားသော “com.apple.desktop.admin.png” Image ကို Folder ထဲသို့ Drag & Drop ချပေးလိုက်ပါ။

၆) Log Out လုပ်ပြီး နောက်တစ်ကြိမ် Log In ပြန်ဝင်သည့်အခါ မိမိစိတ်ကြိုက် Background နှင့် Log In screen ကို မြင်တွေ့ရပါပြီ..။

my screen

အသင့်ပြုလုပ်ပြီးသား “Hope Of Myanmar” ကို အောက်ပါလင်ခ့်တွင် Download လုပ်နိုင်ပါသည်။ (အမည်ပြောင်းပြီးသား)

Amay Su Photo

₪ Download Hope Of Myanmar (1680 x 1050) pixels

အခမဲ့ ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့မရနိုင်တဲ့ တန်ဘိုး တစ်ခု အမြဲရှိပါတယ်


blog comments powered by Disqus