How to download Youtube Videos on iOS

August 28 2017

        ယခင်က YouTube Video နဲ့ အွန်လိုင်းဝဘ်ဆိုက်ပေါ်က ဗီဒီယိုတွေကို အလွယ်တစ်ကူ ဒေါင်းလုတ်ချနိုင်တဲ့ Application တွေ ရှိခဲ့ဖူးပါတယ်။ ကိုယ်ဒေါင်းလုတ် လုပ်ချင်တဲ့ ဗီဒီယိုပေါ်မှာ လက်နဲ့ ကြာကြာ ဖိထားလိုက်တာနဲ့ ဒေါင်းလုပ်ချနိုင်ခဲ့ပါတယ်။

        ယနေ့အချိန်မှာတော့ Apple က မူပိုင်ခွင့်နဲ့ ပက်သက်ပြီး ပေါ်လစီတင်းကျပ်ခဲ့ပြီး Video, Audio ဒေါင်းလုတ်ချနိုင်တဲ့ App တွေကို ဖယ်ရှားခဲ့သလို Developer တွေကိုလည်း သတိပေးခဲ့ပါတယ်။ ဒါကြောင့်မို့ ယခင်က ဒေါင်းလုပ်ချနိုင်တဲ့ App တွေကို AppStore မှာ ရှာတွေ့ပေမယ့် အသုံးပြုသူရဲ့ Cloud storage (DropBox, GoogleDrive..) စသည်ဖြင့်တွေပေါ်ကနေသာ ဒေါင်းလုတ်ပြုလုပ်နိုင်ပြီး YouTube ပေါ်ကနေ ဒေါင်းလုတ် မလုပ်နိုင်တော့ပါဘူး။

        ဆိုလိုတာက အခုအချိန်မှာ Jailbreak မလုပ်ထားတဲ့ iOS ပေါ်ကနေ YouTube ဒေါင်းလုတ်ချဖို့ ဖြစ်နိုင်ချေ မရှိသလောက်ပါပဲ။ ဒါပေမယ့် iOS ပေါ်ကနေ YouTube ဗီဒီယိုတွေကို တိုက်ရိုက်ဒေါင်းလုတ်ချပြီး အချိန်မရွေး Offline ပြန်လည်ကြည့်ရှုနိုင်တဲ့ ကွက်ပျောက် နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်။

Documents” App ဟာ AppStore ပေါ်မှာ YouTube Video တွေကို ဒေါင်းလုတ် လုပ်ပေးနိုင်တဲ့ တစ်ခုတည်းသော App အဖြစ် ကွက်ပျောက် ရှိနေတာဖြစ်ပါတယ်။ ဒါပေမယ့် လှည့်ကွက်လေးတွေတော့ ရှိနေပါသေးတယ်။

ပထမဦးစွာ မိမိရဲ့ iOS Device (iPhone, iPad, iPodTouch) ထဲမှာ “Document 6” နဲ့ “YouTube” App နှစ်ခုလုံး install လုပ်ထားပါ။

Documents 6 App

₪ Download Documents
₪ Download YouTube

လုပ်ငန်းစဉ်

၁။ Documents App ကို ဖွင့်ပါ။ မြှားပြထားသည့် နေရာမှ Browser ကို နှိပ်ပါ။

Document 6

၂။ Browser address ထဲတွင် savefrom.net ဟု ရိုက်ထည့်ပါ။

၃။ YouTube App ကို ထပ်ဖွင့်ပါ။ မိမိဒေါင်းလိုသော ဗီဒီယိုရှိ “Share” ကိုနှိပ်ပါ။

Share & Copy

၄။ Option တွင်ပေါ်လာသော “Copy link” ကို နှိပ်လိုက်ပါ။

၅။ Documents App ကို ပြန်သွားပြီး။ ပုံတွင် ပြထားသည့်အတိုင်း savefrom.net ရှိ Enter URL နေရာမှာ “Paste” လုပ်ချလိုက်ပါ။

Paste Link

၆။ ဗီဒီယိုကို ဒေါင်းလုတ် လုပ်ရန် ပေါ်လာပါက ဒေါင်းလုပ် လုပ်နိုင်ပါပြီ (ဗီဒီယို၏ အရည်အသွေးကိုလည်း စိတ်ကြိုက်ရွေးချယ်နိုင်ပါသည်)

၇။ ဗီဒီယို ဒေါင်းပြီးသွားပါက Download Folder ထဲတွင် ရှာတွေ့နိုင်ပါသည်။

Folder

ယခုဆိုလျှင် Jailbreak လုပ်ရန်မလိုပဲ YouTube ဗီဒီယိုများကို iOS ပေါ်မှ စိတ်ကြိုက် ဒေါင်းလုတ်ချနိုင်ပါပြီ။

Download

ဘာပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးထဲမှာ အရင်က ဒေါင်းလုပ်ရခဲ့ဖူးတဲ့ App လေးတွေ ရှိနေသေးတယ် ဆိုရင်တော့ အကောင်ပါပဲ ဘာကြောင့်လဲဆိုတော့ iOS နောက်ဆုံးဗားရှင်းထိ Jailbreak လုပ်စရာမလိုပဲ အလုပ် လုပ်နေသေးလို့ပါ။

အခမဲ့ ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့မရနိုင်တဲ့ တန်ဘိုး တစ်ခု အမြဲရှိပါတယ်


blog comments powered by Disqus