Easy Add Myanmar Holiday Calendar

March 17 2018

        Mac နဲ့ iOS တို့မှာလိုပဲ Android အသုံးပြုသူများအတွက် Google Calendar မှာ မြန်မာရုံးပိတ်ရက်များ ပါဝင်တဲ့ ပြက္ခဒိန်ထည့်သွင်းနည်းကို ဖော်ပြပေးလိုက်ပါတယ်။

ယခုနည်းလမ်းလေးက ပြက္ခဒိန်ကို Desktop ကနေ URL သုံးပြီး ထည့်လို့မရသူတွေအတွက်လည်း အဆင်ပြေသွားမှာဖြစ်ပါတယ်။

Android အသုံးပြုသူများအနေနဲ့ ပေးထားသော လင့်ခ်ကို တိုက်ရိုက်နှိပ်ပြီး Download လုပ်ပြီး သွင်းယူနိုင်ပါတယ်။

iOS သမားတွေအတွက်ကတော့ URL လင့်ခ်ကို တိုက်ရိုက်နှိပ်ပြီး လွယ်လွယ်ကူကူ သွင်းနိုင်ပါတယ်။

Desktop ပေါ်မှလုပ်ဆောင်ခြင်း

၁။ ကွန်ပျူတာ Desktop ပေါ်မှ နှစ်သက်ရာ Browser တစ်ခုခုကို ဖွင့်ပြီး Google Calendar ကိုသွားပြီး မိမိရဲ့ Gmail ဖြင့် Sign In လုပ်ပါ။ ဤနေရာကို နှိပ်ပြီး သွားနိုင်ပါတယ်။

၂။ ပုံတွင်ပြထားသည့်အတိုင်း Add friend’s calendar ဘေးနေရာမှ “+” ကိုနှိပ်ပြီး From URL ကို ရွေးပါ။

Add Calendar

၃။ အောက်တွင် ဖော်ပြထားသော URL ကို Copy ကူးယူပြီး URL of calendar နေရာတွင် Paste လုပ်ပြီး Add Calendar ကို နှိပ်ပါ။

၂၀၁၈-၂၀၁၉ ခုနှစ် ပြက္ခဒိန် URL


https://goo.gl/xyxcQ9

Add URL

၄။ Google Calendar ကို ပြန်ရောက်တဲ့အခါ မြန်မာပြက္ခဒိန်အသင့်ရောက်နေတာကို တွေ့ရပါလိမ့်မယ်။

Calendar

၅။ Google Account အတူတူသုံးထားတဲ့ မိမိရဲ့ Android / iOS စမတ်ဖုန်းရဲ့ Google Calendar App ကိုဖွင့်ပြီး Refresh လုပ်ပေးလိုက်ပါ။

Android

မြန်မာရုံးပိတ်ရက် ပြက္ခဒိန်ကို အားလုံး အဆင်ပြေပြေ သုံးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အခမဲ့ ဆိုတဲ့ အရာတိုင်းမှာ ခန့်မှန်းလို့မရနိုင်တဲ့ တန်ဘိုး တစ်ခု အမြဲရှိပါတယ်


blog comments powered by Disqus